မေးလေ့ရှိသော မေးခွန်းများ
သာမန်မေးခွန်းများ
-
ဘယ်လို အကောင့်မှတ်ပုံတင် ရလဲ
- ဒီမှာနှိပ်ပါ
- နာမည်၊ စကားဝှက်နဲ့ အီးမေးလ် (သို့) ဖုန်းနံပါတ် ဘယ်လို အကောင့်ဝင်ချင်လဲ ပြောပါ
- အကောင့်လုပ်မယ် ခလုတ်ကိုနှိပ်ပါ
- အီးမေးလ်နဲ့ အကောင့်ဝင်ဖို့ ရွေးခဲ့ရင် အတည်ပြုချက် အီးမေးလ်လက်ခံရပါလိမ့်မယ်၊ မေးလ်ထဲက လင့် ကို နှိပ်ပေးပါ
- ဖုန်းနံပါတ်နဲ့ အကောင့်ဝင်ဖို့ ရွေးခဲ့ရင် အတည်ပြုချက် SMSစာ လက်ခံရပါလိမ့်မယ်၊ စာထဲက နံပါတ်၆ခုကို အသုံးပြုပြီး ဖုန်းနံပါတ်ကို အတည်ပြုပေးပါ
- စတင်ဈေးဝယ်လို့ရပါပြီ
-
အကောင့်မှတ်ပုံတင်ရင် ပိုက်ဆံပေးရလား
- မပေးရပါ
-
အကောင့်မလုပ်ပဲ ဈေးဝယ်လို့ရလား
- မရပါ၊ အကောင့်ရှိမှ ဝယ်လို့ရပါတယ်
-
ဘယ်လိုဝယ်ရတာလဲ
- အကောင့်ဝင်ထားရပါမယ်
- ကိုယ်ဝယ်ချင်တဲ့ပစ္စည်းကို ကုန်ပစ္စည်းများ ခေါင်းစဥ်အောက်က ရှာပါ
- ကိုယ်ကြိုက်တဲ့ ပစ္စည်းအောက်က ခြင်းထဲထည့်မယ် ခလုတ်နှိပ်ပါ
- ခြင်းထဲကို ပစ္စည်းတစ်ခုထက်ပိုပြီး ထည့်လို့ရပါတယ်
- ပစ္စည်းတွေစုံပြီဆို ညာဖက် အပေါ်နားက ဈေးခြင်းလင့်ကို နှိပ်ပါ
- ခြင်းထဲမှာ ဘာတွေရှိလဲ အကျဥ်းချုပ်တွေ့ရပါမယ်
- ဈေးခြင်းကိုစစ်မယ် ဆိုတဲ့ လင့်ကိုနှိပ်ပြီး အသေးစိတ်ကြည့်ရှုစစ်ဆေးပါ
- အကုန်ကျေနပ်ပြီဆို ပိုက်ဆံချေမယ် ခလုတ်ကိုနှိပ်ပါ
- ဘယ်လိပ်စာကိုပို့ရမလဲ ရွေးပါ
- ပို့ဆောင်မှု တန်ဆာခကို အတည်ပြုပါ
- ငွေပေးချေမှု နည်းလမ်းရွေးပါ
- စည်းကမ်းချက်များအား အတည်ပြုကြောင်းရွေးပေးပြီး ငွေပေးချေရန် ခလုတ်နှိပ်ပါ
-
အော်ဒါကို ပြန်ဖျက်လို့ရလား
- ကိုယ့်ဟာကို အော်ဒါပြန်ဖျက်လို့မရပါ
- ကျွန်ုပ်တို့အားဆက်သွယ်ပါ
-
ဝယ်ပြီးတော့မှ တစ်ခုခု ထပ်အပြောင်းအလဲလုပ်ချင်ရင် ရလား
- ငွေပေးချေဖို့ လုပ်ပြီးရင် အပြောင်းအလဲလုပ်လို့မရတော့ပါ
-
ဖုန်းနဲ့ အော်ဒါတင်လို့ရလား
- မရပါ၊ ဝက်ဒ်ဆိုဒ်ကပဲ မှာလို့ရပါတယ်။ အခက်အခဲရှိလျင် ကျွန်ုပ်တို့အားဆက်သွယ်ပါ
-
အော်ဒါကို မယူချင်လို့ ပြန်ပို့ချင်ရင်ရလား
- ကျွန်ုပ်တို့အားဆက်သွယ်ပါ
ငွေပေးချေမှုဆိုင်ရာ
-
ဘယ်လိုနည်းလမ်းနဲ့ ငွေပေးချေလို့ရလဲ
- Visa, Master Credit/Debit ကဒ်နှင့် MPU ကဒ်များ
- Wavepay
- 123 Service ဆိုင်များမှ တစ်ဆင့် (လက်ရှိတွင် : NearMe, abc stores, Aeon Orange, Anycall, City Mart, Denko, e-city, Fun Fun Mart, g&g stores, လူကြီးမင်း, marketplace, mobile mother, M-ပိုက်ဆံ, Mr.Fone, Oasis, Ocean, OK$, Sein Gay Har, truemoney, Wai Yan stores)
- AYA, CB, KBZ ဘဏ်များမှ တစ်ဆင့်
-
ပစ္စည်းလက်ခံရမှ ငွေချေလို့ရလား
- မရပါ၊ အော်ဒါတင်ပြီး ငွေပေးချေမှုပြီးမြောက်မှ ပို့ဆောင်ပေးပါသည်
-
ငွေချေပြီးပေမယ့် အော်ဒါက အဝယ်စာရင်းမှာ "Pending" လို့ပဲ ပြနေတယ်
- အော်ဒါ နံပါတ်နှင့် ကျွန်ုပ်တို့အားဆက်သွယ်ပါ
-
ဆိုင်မှာ ငွေချေလိုက်တာ အမှားအယွင်းဖြစ်သွားတာ ဘယ်လိုလုပ်ရမလဲ
- ငွေချေဖြတ်ပိုင်းနှင့် ကျွန်ုပ်တို့အားဆက်သွယ်ပါ
ပို့ဆောင်ခြင်းဆိုင်ရာ
-
ဘယ်လိုနည်းတွေနဲ့ ပို့ပေးလဲ
- မာရသွန် ဝန်ဆောင်မှုအား အသုံးပြုပါသည်
-
ဘယ်ဒေသတွေကို ပို့ပေးလဲ
- တစ်နိုင်ငံလုံးက မြို့ပေါင်း ၈၀ကျော်ကို ပို့နိုင်ပါတယ်၊ အသေးစိတ်ကြည့်ဖို့ ဒီမှာ နှိပ်ပါ
-
ပို့ဆောင်ခက ဘယ်လောက်ကျမှာလဲ
-
အော်ဒါပို့နေတာကို ဘယ်လိုစစ်လို့ရလဲ
- တန်ဆာ ဘောင်ချာနံပါတ်နဲ့ စစ်လို့ရပါတယ်
- အဝယ်စာရင်းရဲ့ အသေးစိတ်စာမျက်နှာမှာ ဘောင်ချာနံပါတ် ရှိပါတယ်
- အဝယ်စာရင်းရဲ့ အသေးစိတ်စာမျက်နှာလည်း အော်ဒါပို့နေတဲ့ အခြေအနေကို ပြောပြထားပါတယ်
- တကယ်လို့ အတိအကျ အသေးစိတ်စစ်ချင်ရင် မာရသွန် ဝက်ဒ်ဆိုဒ် မှာ စစ်ပါ
အခြားသော အသေးစိတ်အချက်အလက်များအား စည်းကမ်းချက်များနှင့် အခြေအနေများ စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။